ရိန်းဂျားတစ်ဦးရွာသားများအား ကာကွယ်ရန်ကြိုးပန်းနေစဥ် အသက်ဆုံးရှုံးခဲ့ရ

မေလ၂၁၊ ၂၀၂၃

ကရင်ပြည်နယ်၊ မြန်မာပြည်

ချစ်ခင်ရပါသော မိတ်​ဆွေများနှင့် မိသားစုများခင်ဗျာ

မေလ၂၁၊၂၀၂၃ တွင်
ကရင်ပြည်နယ်၊ သထုံခရိုင်တွင် ရွာသားများအား ကာကွယ်ရန် ကြိုးပန်း​နေစဉ် ကျွန်​တော်တို့၏ ရိန်းဂျားတစ်ဦးဖြစ်သော စောထရောရှား အသက်ဆုံးရှုံးခဲ့ရကြောင်း ဝမ်းနည်းစွာအစီရင်ခံပါသည်။ သူ၏အသက်သည် 30နှစ် သာရှိပါသေးသည်။

စောထရောရှားသည် ၂၀၁၅ ခုနှစ်တွင် FBR သို့ဝင်ရောက်ခဲ့ပြီး ကွယ်လွန်ချိန်အထိ (၈) နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ကယ်ဆယ်ရေးအဖွဲ့တွင် စိတ်အားထက်သန်မှု နှင့် ကျွမ်းကျင်မှုရှိ၍ အလုပ်ကြိုးစားလုပ်သည့် ရိန်းဂျားတစ်ဦးအဖြစ် လူသိများခဲ့သည်။ သူ၏လူမျိုးအား ကူညီရန်နှင့် FBR အတွက်အမှုထမ်း​ဆောင်ရန် သထုံခရိုင်ကို ပြန်သွားခဲ့သည်။ ထိုနေရာတွင် သူသည် အရည်အချင်းပြည့်မီသော ကယ်ဆယ်ရေးပေးသူနှင့် လုံခြုံရေးခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့သည်။ သူသည် ဖိအားအမျိုးမျိုးနှင့်ကြုံစဥ်တွင်တည်ငြိမ်မှုရှိပြီး ပစ်ခတ်မှုများကြား၌တွင် ရဲရင့်သတ္တိရှိခဲ့သည်။ သူသည် စစ်ကောင်စီ၏ M79 လောင်ချာမှ ၄၀ မမ လက်ပစ်ဗုံးဖြင့် ထိမှန်၍ အသက်ဆုံးရှုံးခဲ့ရသည်။ သူ၏ လုပ်ဆောင်မှုအားဖြင့် စစ်ကောင်စီ၏ အရှိန်အဟုန်ကို နှေးကွေးစေသော်လည်း ထိုသို့လုပ်ဆောင်ခြင်းဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။ ကျန်ရစ်​သောသူ၏မိသားစုအား ကျွန်​တော်တို့ တတ်နိုင်သလောက် ကူညီပါမည်။ ဤသတင်းသည် သတင်းကောင်းမဟုတ်သော်ညားလည်း ကျွန်​တော်တို့၏ဆုံးရှုံးမှုများကို သင်နှင့်မျှဝေပေးနိုင်သည့်အတွက် ကျေးဇူးတင်ပါသည်။

စောထရောရှား၊ သူ၏မိသားစုနှင့် ဤ​နေရာမှလူများအား ဂရုစိုက်​ပေး သည့်အတွက် ကျေးဇူးတင်ရှိပါသည်။

ကျေးဇူးတင်လျှက်

ဘုရားသခင် ကောင်းချီးပေးပါစေ။

Free Burma Rangers

​စောထ​ရောရှား
ဈာပနတွင်စောထ​ရောရှား၏​မိသားစုအားတွေ့ရစဥ်