ပြည်သူ (၁၀,၀၀၀) သည် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ပုန်းခိုရာနေရာများသို့ စစ်ရှောင်ထွက်ပြေးနေရခြင်း။

သထုံခရိုင်၊ ကရင်ပြည်နယ်၊ မြန်မာပြည်။

 မေလ (၁၈)ရက် ၊ ၂၀၂၂ ခုနှစ် ။

ကျွန်ုပ်တို့သည် အကွေ့အကောက်များလှသည့်လှိုဏ်ဂူလိုဏ်ခေါင်းတွေထဲတွင်   ခန္ဓာကိုယ် ကိုင်းညွန့်ကာလမ်းလျှောက်ခဲ့ရပြီး၊ တခါတရံတွင် တွားသွားရခြင်းမျိုးတွေ ရှိခဲ့ပါသည်။  ရုတ်တရက် ဘယ်ဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင်    လှုပ်ရှားမှုသေးသေးလေးတစ်ခုကို မထင်မရှား  တွေ့လိုက်ရပြီး၊ ထိုလှိုဏ်ခေါင်းသေးထဲတွင်ကောင်လေး ၄ ယောက် ရှိနေခဲ့ပါသည်။  သူတို့တွေသည်  လက်ရှိပုန်းခိုသည့် နေရာမှာပင်  ထပ်ပြီး  ပုန်းခိုနေကြရပါသည်။  ယခုလို ပုန်းခိုရခြင်းသည် မြန်မာစစ်တပ်၏ကုန်းကြောင်း၊ လေကြောင်း တိုက်ခိုက်မှုများကို  ကြောက်ကြသည့် အတွက် ဖြစ်ပါသည်။ ကရင်ပြည်နယ်အလယ်ပိုင်းရှိ သထုံ-ဘီလင်းဒေသသည် ပြည်သူ တစ်သောင်းကျော်မိမိတို့နေအိမ်များမှ မြန်မာစစ်တပ်ကြောင့်  ထွက်ပြေးတိမ်းရှောင်နေရသည့် နေရာဖြစ်ပါသည်။  ထိုပြည်သူ တစ်သောင်းကျော်အား  ဆေးဝါးနဲ့ ရိက္ခာများထောက်ပံ့ရန်အတွက် ကျွန်ုပ်တို့အဖွဲ့သားတွေ ရောက်ရှိနေကြပါသည်။  ဒုတိယကမ္ဘာစစ်နှောင်းပိုင်း  အဆိုးဆုံးတွေ့ကြုံနေရသည့်  တိုက်ပွဲများကြောင့်  နေရပ်စွန့်ခွာနေရသည့်  ပြည်သူလူထုပေါင်း တစ်သန်းကျော် အတွက် ဆုတောင်း မေတ္တာပို့သပေး သည့်အတွက်လည်း ကျေးဇူးတင်ပါသည်။ 

children hiding in a cave
လိုဏ်ဂူထဲရှိ ဂူငယ်လေးထဲတွင်  ပုန်းခိုနေကြသည့် ကလေးငယ်များ
Children hiding in a hole from Burma Army
ကရင်ပြည်နယ်၊ သထုံခရိုင်၊ လေးကေကော်ရွာအား မြန်မာစစ်တပ်၏ ဗုံးကြဲရန်မှ ပုန်း ရှောင်နေရသည့် ကရင်ကလေးငယ်
IDPs digging shelters
 မိသားစုအတွက် ဖခင်များမှ  ဗုံးခိုကျင်းများ တူးနေစဉ်
အဆက်အပြတ် တိုက်ခိုက်မှုကြောင့် လက်ရှိပုန်းခိုသည့်နေရာမှ နောက်ထပ်ပုန်းမည့် နေရာအသစ်သို့ ထပ်မံထွက်ပြေးရခြင်း
 လေကေရွာလေးအား  စွန့်ခွာထွက်ပြေးရခြင်း
families in a cave
လိုဏ်ဂူနေရာတစ်ခုတွင် ပုန်းခိုနေသည့် မိသားစုများ 
children smiling during FBR visit
FBR မှ အကူအညီပေးရန် ရောက်သည့်အချိန်တွင် အပြုံးပန်းဆင်နိုင်သေးသည့် ကလေးငယ်များ
FBR medic treating
ကရင်မိခင်တစ်ဦးအား  FBR အဖွဲ့မှ ဆေးကုသပေးနေစဉ်
မြန်မာစစ်တပ်မှ တဖြေဖြေးနီးကပ်လာသည်နဲ့အမျှ ဂူထဲတွင်  သုံးပတ်မြောက် ပုန်းနေရစဉ်
little boy in cave
တစ်နေရာပြီး တစ်နေရာ ပုန်းပြီးရင်း ပုန်းနေရသည့်  ကရင်ကလေးငယ်
FBR medic treats child
 ဒဏ်ရာရ ကလေးငယ်တစ်ဦးအား  FBR အဖွဲ့မှ ဆေးကုသပေးနေစဉ်