မြန်မာစစ်တပ်ကြောင့် ရွာသား (၁၀,၀၀၀) ကျော် နေအိမ်များ မီးရှို့ခံရပြီး လိုဏ်ဂူများတွင် ပုန်းခိုနေရခြင်း။

သထုံခရိုင်၊ ကရင်ပြည်နယ်၊ မြန်မာပြည်။

 မေ ၃၊ ၂၀၂၂ 

မြန်မာစစ်တပ်သည် ကရင်ပြည်နယ်၊ သထုံခရိုင်၊ လေးကေဒေသရှိ ကရင်ရွာများအား  ဧပြီလ (၂ဝ)  ရက်နေ့မှ စပြီး ယနေ့အချိန်ထိ  အဆက်မပြတ် တိုက်ခိုက်လျက်ရှိပါသည်။ မြန်မာစစ်တပ်မှ  တိုက်လေယာဉ်များနှင့် ဗုံးကြဲခြင်း၊   ရော့ကက်လောင်ချာများနှင့်  အမြောက်ကြီးများအား  အသုံးပြုနေခြင်းတို့ကြောင့် နေအိမ်များ  ပျက်စီးရပြီး၊ ပြည်သူများသည်လည်း  ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းခိုနေကြရပါသည်။ 

မြန်မာစစ်တပ်သည် ကရင်ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ဆင်ရေး ဆင်နွှဲနေစဥ်တွင် မြေပြင်တပ်ဖွဲ့မှလည်း စက်သေနတ်နှင့်သာမက  လက်နက်ကြီးများနှင့်ပါ ပစ်ခတ်လျက်ရှိပါသည်။

ကရင်ပြည်သူလူထုအား ဤကဲ့သို့ ဒုက္ခမျိုးစုံမှ သက်သာရာရစေရန် ပံ့ပိုးကူညီပေးသည့် အတွက် ကျေးဇူးတင်ပါသည်။  သင့်၏အကူအညီကြောင့်သာ ကျွန်ုပ်တို့သည်  ကရင်ပြည်သူလူထုနှင့်အတူ ရှိနေနိုင်တာဖြစ်ပြီး၊ ဖျားနာနေ သောသူများနှင့် ဒဏ်ရာရသည့်သူများအား ဆေးကုသပေးနိုင်ခြင်း ၊ အရေးပေါ် စားနပ်ရိက္ခာများ ၊  ရေနဲ့ အမိုးအကာရွက်ဖျင်တဲများ ပံ့ပိုးပေးနိုင်ခြင်း အပြင် ယေရှုဘုရားသခင်ရဲ့ မေတ္တာကိုလည်း မျှဝေပေးနိုင်တာဖြစ်ပါသည်။

လေးကေရှိ မီးလောင်ကျွမ်းလျက်ရှိသော လူနေအိမ်။
မေလ (၁)ရက် ၊ ၂၀၂၁ ခုနှစ် တွင် ဂျက်လေယာဥ်များပစ်ခတ်ခြင်းကြောင့် မီးလောင်နေသာ လူနေအိမ်။
ဆိုင်ပိုင်ရှင် မှ သူမ၏နေအိမ်ကို ဖျက်ဆီးခဲ့သော ဒုံးကျည် အစိတ်အပိုင်းများအားပြသစဥ်။
လိုဏ်ဂူထဲတွင် မောပန်းနွမ်းနယ်နေသာ မိခင်နှင့် သမီးငယ်။ 
မိသားစုများ ပုန်းခိုရန် နေရာ။
ကျွန်ုပ်တို့ အဖွဲ့နှင့် ကယ်ဆယ်ရေးအတွက် ရေဒီယို ဆက်သွယ်ရေးတွင် ပူးပေါင်းနေသာ ရွာသားများ။ 
စစ်ဘေးရှောင် မိသားစုများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေခြင်း။ 
ဂရုစိုက်စောင့်ရှောက်ပေးသူများအား ကျေးဇူးတင်ရှိခြင်း။