မြန်မာစစ်တပ်၏စက်ပစ်သေနတ်များအသုံးပြုခြင်းနှင့်လေကြောင်းတိုက်ခိုက်မှု

များကြောင့် ကရင်မိန်းကလေးတစ်ဦးနှင့် FBR ဆေးမှူးတစ်ဦး သေဆုံးပြီး လူပေါင်း ၅၀၀ ကျော်ကို   တောတွင်းထဲထိ လိုက်လံ ပစ်ခတ်ခြင်း။

ဒူးပလာယာခရိုင်၊ ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ
၂၀၂၂ ခုနှစ် ၊ မတ်လ (၂၅) ရက်။ 

၂၀၂၂ ခုနှစ် ၊မတ်လ(၂၅) ရက်နေ့တွင်  မြန်မာ စစ်သားများသည် ကရင်ပြည်နယ်၊  ဒူးပလာယာခရိုင်၊ ထီမူးထကျေးရွာတွင် အသက် (၁၇) နှစ်အရွယ် ကရင် အမျိုးသမီးငယ် နော်ဘလာချိုအား  ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထိုနေ့နှောင်းပိုင်းမှာပင် အနီးနားရှိ ထီကဘလာနှင့် အိုးဖောင်းခေးကျေးရွာများမှ   ရွာသူရွာသား (၅၀၀) ကျော်သည်မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ကြောင့်မိမိတို့နေရပ်မှ စွန့်ခွာ  ထွက်ပြေးခဲ့ရပါသည်။ မြန်မာစစ်တပ်သည် ဂျက်တိုက်လေယာဉ်များအသုံးပြု၍ ရွာသားများကို ဗုံးကြဲခြင်းအား  (၆) ကြိမ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ ပြီး၊  အမြောက်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

ထိုနေ့တစ်ရက်တည်းမှာပင် FBR ဆေးမှူး စောအောင်ထူးသည်လည်း ဇနီးနှင့် ကလေးနှစ်ယောက်ကို ချန်ထားခဲ့ပြီးမြန်မာစစ်တပ်မှပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။စောအောင်ထူးသည် ဒဏ်ရာရသူများကို ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးနေစဥ် အသတ်ခံခဲ့ရခြင်းဖြစ်ပါသည်။ မြန်မာစစ်တပ်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင်သာမကာ၊ ကရင်ပြည်နယ် ရှိ အရပ်သားများအပေါ် ထိုးစစ်ဆင်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။FBR အဖွဲ့များသည် တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေချိန်တွင် ဆေးဝါးကုသခြင်း ၊ အစားအသောက်များမျှဝေပေးခြင်း နှင့်  ဆုတောင်းခြင်းများပြုလုပ်ကာ တိုက်ခိုက်မှုတွေကြားထဲမှာပင် သူတို့နှင့်အတူတူရှိနေကြပါသည်။ ကျွန်ုပ်တို့အားလုံးကို  ဆုတောင်းပေးသည့်အတွက် ကျေးဇူးအများကြီးတင်ပါသည်။ ထို့ပြင် ယခုကဲ့သို့တိုက်ခိုက်မှုများရှိနေသော်လည်းကျွန်ုပ်တို့သည်   တစ်ဦးကိုတစ်ဦး ကူညီဖို့ရန် လက်လျှော့အရှုံးမပေးတဲ့အတွက်ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဇွဲလုံ့လနှင့်   သူ၏အကူအညီဖြင့်မြန်မာနိုင်ငံတော်သစ်တစ်ခု  တည်ဆောက်နေသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအပေါ်ဘုရားသခင်ကောင်းချီးပေးပါစေ။