ကရင်နီပြည်နယ်မှာ ခန့်မှန်းချေ ဒေသခံ ၁ သိန်းလောက်ထွက်ပြေးနေရချိန် လေကြောင်းတိုက်ခိုက်မှုတွေရှိနေ
မေ ၃၁ ၂၀၂၁
ကရင်နီပြည်နယ်၊ မြန်မာနိုင်ငံ
ချစ်ခင်ရတဲ့ မိတ်ဆွေရောင်းရင်းတို့ရေ…… မေလ ၃၁ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ကရင်နီပြည်နယ်၊ ဒီးမောဆိုးမြို့ကို မြန်မာစစ်တပ်က ရဟတ်ယာဉ်နှစ်စင်းနဲ့ ၂ နာရီလောက် ပစ်လိုက်ရပ်လိုက် တိုက်ခိုက်ခဲ့ပါတယ်။ သူတို့သုံးတဲ့ရဟတ်ယာဉ်တစ်စင်းဟာ – ရုရှားထုတ် Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် အမျိုးအစားဖြစ်တယ်။ ဒီတိုက်ခိုက်မှုကြောင့် ၁ ဦးသေဆုံးပြီး၊ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီးမောဆိုးနဲ့ ဖရူဆိုမြို့နယ်တွင်းက ဒေသခံအားလုံးနီးပါးကို တောထဲက ဘေးလွတ်ရာကို ကယ်ထုတ်ပြောင်းရွှေ့ပေးခဲ့ရတယ်။ မြန်မာစစ်တပ်ဘက်ကနေ အခုလိုတိုက်ခိုက်မှုတွေ စတင်ကတည်းက ကရင်နီပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ပြည်တွင်းဒုက္ခသည် (IDP) ၁ သိန်းနီးပါး ရှိပြီလို့ ကရင်နီလူမျိုးများတိုးတက်ရေးပါတီ (KNPP) က ခန့်မှန်းထားပါတယ်။
KNPP က ခန့်မှန်းထားတဲ့ IDP ဒုက္ခသည်စာရင်း
• လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ – ၁ သောင်းကျော်
• လွိုင်ကော်အနောက်ဘက်ခြမ်းမှာ – ၁ သောင်း ၅ ရာကျော်
• ဒီးမောဆိုးမှာ – ၆ သောင်း ၅ ထောင်ကျော်
• ဖရူဆိုမှာ – ၁ သောင်း ၁ ထောင်ကျော်
မြန်မာစစ်တပ်က ဒီးမောဆိုးဒေသကို စစ်ကူတွေထပ်ပို့ခဲ့တယ်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှာ ပါဝင်တယ်လို့ သံသယရှိသူတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။
မိုးရာသီစတင်ပြီမို့ အခုဆိုရင် IDP ဒုက္ခသည်တွေဟာ အစားအစာ၊ ဆေးဝါးနဲ့ အမိုးအကာတဲတွေ
ဒီဒုက္ခသည်တွေကို ကယ်ဆယ်ရင်း ကျနော်တို့ရဲ့ ကရင်နီရိမ်းဂျားအဖွဲ့ဝင်တယောက် ကျဆုံးသွားရတဲ့အတွက်လည်း ကျနော်တို့ စိတ်ထိခိုက် ကြေကွဲခဲ့ရပါတယ်။ ကရင်နီရိမ်းဂျား အောလိုစိမ်းဟာ မေလ ၂၇ ရက်နေ့က ဒီးမောဆိုးမြို့ကို မြန်မာစစ်တပ်က မီးရှို့နေချိန် အဲ့ဒီမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ထုတ်ရင်း မြန်မာစစ်တပ်ရဲ့လက်ချက်နဲ့ ကျဆုံးခဲ့ရတာဖြစ်ပါတယ်။
အောလိုစိမ်းဟာ အသက် ၁၉ နှစ်အရွယ် ၂၀၁၇ ခုနှစ်မှာ Free Burma Rangers (FBR) ကို ပူးပေါင်းခဲ့တာဖြစ်ပြီး၊ သူ့လူမျိုးတွေကို ဒီထက်မက ပိုပြီး ကူညီနိုင်ဖို့အတွက် လေ့လာချင်လို့ FBR ကို ပူးပေါင်းတာဖြစ်ကြောင်း ကျနော်တို့ ပြောပြခဲ့တယ်။ သူဟာ မိသားစုမှာ ဒုတိယမြောက်သားဖြစ်ပြီးတော့ ညီအကိုမောင်နှမ ၉ ယောက်ရှိပါတယ်။ အောလိုစိမ်းဟာ အစောပိုင်း သင်တန်းပြီးသွားချိန်မှာပဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ခဲ့ပြီး၊ ရပ်ရွာအကူအညီပေးရေးအစီအစဉ်တွေမှာလည်း ပံ့ပိုးကူညီခဲ့တယ်။ သူဟာဆိုရင် သူ့အသက်ထက်ကို တခြားသူတွေအပေါ် ကြင်နာသနားတတ်သူ၊ အားသွန်ခွန်စိုက်၊ မဆုတ်မနစ် လုပ်ကိုင်တတ်သူ၊ ရဲစွမ်းသတ္တိနဲ့ ပြည့်ဝသူတယောက်လည်းဖြစ်ပါတယ်။ သူဟာ ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ဖို့အတွက် မြန်မာစစ်တပ်နဲ့ တဘက်မှာ တိုက်ခိုက်ခံနေရတဲ့ ဒေသခံတွေကြား ရောက်နေချိန်မှာ မြန်မာစစ်တပ်ဘက်က သူ့ကို သေနတ်နဲ့ ပစ်ချခဲ့တာဖြစ်ပါတယ်။ သူ့အကြောင်းအသေးစိတ်ကိုတော့ နောက်ဆက်တွဲ FBR ကွင်းဆင်းစုံစမ်းထားတဲ့အစီရင်ခံစာမှာ ဖတ်ရှုနိုင်ပါတယ်။
ဘုရားသခင်ကောင်းချီပေးပါစေ…..
Free Burma Rangers

မြန်မာစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ဒေသခံတွေ
ရုရှားထုတ် Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်