မြန်မာစစ်တပ်က အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေ တိုးလာနေချိန်မှာပဲ ပဲခူးတိုင်း ကျောက်ကြီးဒေသမှာ ကလေး ၃ ယောက်မိခင် – အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသလို၊ ရွာသား ၂ ယောက်လည်း သေနတ်နဲ့ ပစ်ခတ်ခံရ။

31 May 2021
Karen State, Burma

Dear friends,

ပြီးခဲ့တဲ့သီတင်းပတ် မေလ ၂၃ ရက်နေ့က ကလေး ၃ ယောက်မိခင် နော်အေးကြာကို မြန်မာစစ်တပ်ရဲ့ တပ်ရင်း ၆၀ က သာဘိုမှာရှိတဲ့ သူတို့စခန်းကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ လောလောဆယ် သူ့ကလေး ၃ ယောက်ကို မိသားစုဝင်တွေက လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ပေးထားပေမဲ့ – နော်အေးကြာ အကာကွယ်ရရှိဖို့နဲ့ မြန်မာစစ်စခန်းကနေ အမြန်ဆုံး လွတ်မြောက်လာဖို့အတွက် ကျေးဇူးပြု၍ ဆုတောင်းပေးကြပါ။

အလားတူ မေလ ၂၈ ရက်ကလည်း ဒေသခံရွာသားနှစ်ဦးဟာ သူတို့ခြံထဲမှာရှိနေချိန် မြန်မာစစ်တပ်ရဲ့ တပ်ရင်း ၇၅ က ပစ်ခတ်ခဲ့တာကြောင့် စောသာထူး (Gold Heart) ရဲ့ ခြေထောက်မှာ သေနတ်ကျည်ဆံထိမှန်ခဲ့သလို၊ နောက်တစ်ဦးဖြစ်တဲ့ စောအယ်တာမွီ (Love the Guest) ဟာလည်း ပစ်ခတ်ခံရပြီးနောက် ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ သူ့အခြေအနေကိုတော့ မသိရသေးပါဘူး။ စောအယ်တာမွီမှာ ဇနီးနဲ့ ချစ်စရာ ကလေး ၃ ဦး ရှိပါတယ်။ လောလောဆယ် မိသားစုနဲ့ ကွဲကွာနေရပြီး၊ စောအယ်တာမွီ ဘယ်နေရာမှာ ဘယ်လိုရှိနေသလဲဆိုတာ မသိရပါဘူး။ သူတို့ဒဏ်ရာတွေသက်သာပျောက်ကင်းအောင်၊ ရန်သူ့အန္တရာယ်ကနေ လွတ်မြောက်အောင်နဲ့ မိသားစုတွေနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်အောင် ဆုတောင်းပေးကြပါ။

ကျေးဇူးတင်ပါတယ်။ အားလုံးကို ဘုရားသခင်ကောင်းချီးပေးပါစေ။

ဓာတ်ပုံ-၁။ ပဲခူးတိုင်း၊ ကျောက်ကြီးဒေသက မြန်မာတပ်ရင်းမှာ အဓမ္မဖမ်းဆီးခံထားရတဲ့ နော်အေးကြာရဲ့ ကလေး ၃ ယောက်ပုံ
ဓာတ်ပုံ-၂။ ဆေးကုသမှုခံယူနေတဲ့ စောသာထူး
ဓာတ်ပုံ-၃။ စောသာထူးရဲ့ဒူးခေါင်း