အောက်မေ့သတိရခြင်း – ကရင်နီပြည်နယ်မှာ မြန်မာစစ်တပ်ကြောင့် နောက်ထပ် FBR အဖွဲ့တစ်ဦး ကျဆုံး

မြန်မာနိုင်ငံ ကရင်နီပြည်နယ်မှာ ဧပြီလ ၁၃ ရက် ၂ဝ၂၂ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။ Joe John လို့ သိကြတဲ့ ငြိမ်းရန်အေးဟာ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးဒဏ်ကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ Free Burma Rangers (FBR) ကို သူ ဝင်ရောက်ခဲ့တာဖြစ်ပြီး၊ သင်တန်းဆင်းအဖွဲ့ဝင်သစ်တစ်ဦးအနေနဲ့ ၂ဝ၁၅ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံး FBR တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ကရင်နီကျောင်း သား ၂ဝဝ ကျော်ကို FBR က သင်တန်းပို့ချရာမှာလည်း Joe John က ကူညီပေးခဲ့သလို၊ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) ရဲ့တပ်ခွဲ ၂ ကိုလည်း ပံ့ပိုးကူညီခဲ့ပါတယ်။ သူ့လူမျိုးတွေ လွတ်မြောက်ရေး မြင်တွေ့ ရဖို့နဲ့ မြန်မာစစ်တပ်ကို ချေမှုန်းဖို့ သူ့ဘဝတစ်ခုလုံးကို ပေးဆပ်ခဲ့တာပါ။

လူတွေကို သူ့အပြုံးလေးကူးစက်စေသလို၊ သူ့နှလုံးသားထဲက ချစ်ခြင်းမေတ္တာတရားဟာလည်း အကူအညီ အများဆုံး လိုအပ်နေတဲ့သူတွေရှိရာ အန္တရာယ် အများဆုံးနေရာတွေဆီ သူ့ကို စေလွှတ်ခဲ့တယ်။ ဧပြီ ၁၃ ရက်နေ့က ဖြစ်ခဲ့တဲ့ ရှေ့တန်းစစ်မြေပြင်မှာ – Joe John ဟာ KNDF တပ်ခွဲ ၂ ကို ကူညီနေရင်း မြန်မာစစ်တပ် ဘက်က ပစ်တဲ့ လက်နက်ကြီးကျည် အနားကို ကျရောက်ပေါက်ကွဲရာက ရင်ဘတ်ကိုထိမှန်ခဲ့တဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။ “ဒါဟာ ကျနော်တို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး သိပ်ကို ဝမ်းနည်းကြေကွဲ ရပါတယ်” – လို့ ကရင်နီ FBR အဖွဲ့ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

ပြည်တွင်း IDP ဒုက္ခသည် ၂ သိန်းခွဲကျော် ထွက်ပြေးခဲ့ရတဲ့ ကရင်နီပြည်နယ်ကို နေ့စဉ် မြန်မာစစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ တနှစ်အတွင်း မြန်မာစစ်တပ်ရဲ့လက်ချက်ကြောင့် ကျဆုံးခဲ့ရတဲ့ ကရင်နီရိမ်းဂျားတွေထဲမှာ Joe John က လေးဦးမြောက်ဖြစ်ပါတယ်။ 

ဘုရားသခင်ကောင်းချီးပေးပါစေ။