top of page
tree-texture.jpg

Airstrikes Kill in Karenni State While an Estimated 100,000 Flee ကရင်နီပြည်နယ်မှာ ခန့်မှန်းချေ ဒေသခံ ၁ သိန်းလောက်ထွက်ပြေးနေရချိန် လေကြောင်းတိုက်ခိုက်မှုတွေရှိနေ

  • Writer: Tyler Bradley
    Tyler Bradley
  • Jun 15, 2021
  • 3 min read

Updated: Oct 14

Karenni State, Burma Dear friends, On 31 May at 1700hrs, the Burma Army attacked Demoso Town in Karenni State; they shot on and off for two hours, with two different helicopters. One was a Russian attack helicopter Mi 35. One person was killed in the attacks and six were wounded. Almost every villager in Demoso and Hpru So have evacuated and are now displaced in the jungle. The Karenni National Progressive Party (KNPP) estimates that there are nearly 100,000 internally displaced persons (IDPs) now in Karenni State since these attacks.

KNPP estimates of IDPS:
  • Eastern Loikaw - over 10,000

  • Western Loikaw - over 10,500

  • Demoso - over 65,000

  • Hpru Soh - over 11,000

The Burma Army has sent reinforcements into Demoso area. They have started to burn the houses of suspected sympathizers believed to be involved with the Civil Disobedience Movement (CDM) or People’s Defense Force (PDF). IDPs are in need of food, shelter and medicine as the rainy season has begun. We are also sad to inform you all that we lost one of our Karenni Rangers. All Lo Sein was killed by the Burma Army on 27 May as he was rescuing civilians trapped under fire by the Burma Army in Demoso Town.

All Lo Sein before he was killed by the Burma Army
All Lo Sein before he was killed by the Burma Army

All Lo Sein joined FBR in 2017 when he was 19 years old and told us that he wanted to learn how to help his people more. He was the second son and had nine brothers and sisters. He conducted relief missions after his initial training and also helped organize community support efforts. He was a kind, intense, dedicated and brave man who loved others more than his own life. He was gunned down by Burma Army troops when he placed himself between the troops and the townspeople they were attacking. Thank you and God bless you Free Burma Rangers

ree
Villagers displaced by Burma Army attacks
Villagers displaced by Burma Army attacks
ree
Houses set on fire
Houses set on fire
Russian attack helicopter Mi 35
Russian attack helicopter Mi 35
Rounds pictured below were all shot by Burma Army ground troops - mortars and rocket rounds.
Rounds pictured below were all shot by Burma Army ground troops - mortars and rocket rounds.
ree
ree

ကရင်နီပြည်နယ်မှာ ခန့်မှန်းချေ ဒေသခံ ၁ သိန်းလောက်ထွက်ပြေးနေရချိန် လေကြောင်းတိုက်ခိုက်မှုတွေရှိနေ မေ ၃၁ ၂၀၂၁ ကရင်နီပြည်နယ်၊ မြန်မာနိုင်ငံ ချစ်ခင်ရတဲ့ မိတ်ဆွေရောင်းရင်းတို့ရေ…… မေလ ၃၁ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ကရင်နီပြည်နယ်၊ ဒီးမောဆိုးမြို့ကို မြန်မာစစ်တပ်က ရဟတ်ယာဉ်နှစ်စင်းနဲ့ ၂ နာရီလောက် ပစ်လိုက်ရပ်လိုက် တိုက်ခိုက်ခဲ့ပါတယ်။ သူတို့သုံးတဲ့ရဟတ်ယာဉ်တစ်စင်းဟာ - ရုရှားထုတ် Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် အမျိုးအစားဖြစ်တယ်။ ဒီတိုက်ခိုက်မှုကြောင့် ၁ ဦးသေဆုံးပြီး၊ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီးမောဆိုးနဲ့ ဖရူဆိုမြို့နယ်တွင်းက ဒေသခံအားလုံးနီးပါးကို တောထဲက ဘေးလွတ်ရာကို ကယ်ထုတ်ပြောင်းရွှေ့ပေးခဲ့ရတယ်။ မြန်မာစစ်တပ်ဘက်ကနေ အခုလိုတိုက်ခိုက်မှုတွေ စတင်ကတည်းက ကရင်နီပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ပြည်တွင်းဒုက္ခသည် (IDP) ၁ သိန်းနီးပါး ရှိပြီလို့ ကရင်နီလူမျိုးများတိုးတက်ရေးပါတီ (KNPP) က ခန့်မှန်းထားပါတယ်။ KNPP က ခန့်မှန်းထားတဲ့ IDP ဒုက္ခသည်စာရင်း • လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ - ၁ သောင်းကျော် • လွိုင်ကော်အနောက်ဘက်ခြမ်းမှာ - ၁ သောင်း ၅ ရာကျော် • ဒီးမောဆိုးမှာ - ၆ သောင်း ၅ ထောင်ကျော် • ဖရူဆိုမှာ - ၁ သောင်း ၁ ထောင်ကျော် မြန်မာစစ်တပ်က ဒီးမောဆိုးဒေသကို စစ်ကူတွေထပ်ပို့ခဲ့တယ်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှာ ပါဝင်တယ်လို့ သံသယရှိသူတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ မိုးရာသီစတင်ပြီမို့ အခုဆိုရင် IDP ဒုက္ခသည်တွေဟာ အစားအစာ၊ ဆေးဝါးနဲ့ အမိုးအကာတဲတွေ ဒီဒုက္ခသည်တွေကို ကယ်ဆယ်ရင်း ကျနော်တို့ရဲ့ ကရင်နီရိမ်းဂျားအဖွဲ့ဝင်တယောက် ကျဆုံးသွားရတဲ့အတွက်လည်း ကျနော်တို့ စိတ်ထိခိုက် ကြေကွဲခဲ့ရပါတယ်။ ကရင်နီရိမ်းဂျား အောလိုစိမ်းဟာ မေလ ၂၇ ရက်နေ့က ဒီးမောဆိုးမြို့ကို မြန်မာစစ်တပ်က မီးရှို့နေချိန် အဲ့ဒီမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ထုတ်ရင်း မြန်မာစစ်တပ်ရဲ့လက်ချက်နဲ့ ကျဆုံးခဲ့ရတာဖြစ်ပါတယ်။ အောလိုစိမ်းဟာ အသက် ၁၉ နှစ်အရွယ် ၂၀၁၇ ခုနှစ်မှာ Free Burma Rangers (FBR) ကို ပူးပေါင်းခဲ့တာဖြစ်ပြီး၊ သူ့လူမျိုးတွေကို ဒီထက်မက ပိုပြီး ကူညီနိုင်ဖို့အတွက် လေ့လာချင်လို့ FBR ကို ပူးပေါင်းတာဖြစ်ကြောင်း ကျနော်တို့ ပြောပြခဲ့တယ်။ သူဟာ မိသားစုမှာ ဒုတိယမြောက်သားဖြစ်ပြီးတော့ ညီအကိုမောင်နှမ ၉ ယောက်ရှိပါတယ်။ အောလိုစိမ်းဟာ အစောပိုင်း သင်တန်းပြီးသွားချိန်မှာပဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ခဲ့ပြီး၊ ရပ်ရွာအကူအညီပေးရေးအစီအစဉ်တွေမှာလည်း ပံ့ပိုးကူညီခဲ့တယ်။ သူဟာဆိုရင် သူ့အသက်ထက်ကို တခြားသူတွေအပေါ် ကြင်နာသနားတတ်သူ၊ အားသွန်ခွန်စိုက်၊ မဆုတ်မနစ် လုပ်ကိုင်တတ်သူ၊ ရဲစွမ်းသတ္တိနဲ့ ပြည့်ဝသူတယောက်လည်းဖြစ်ပါတယ်။ သူဟာ ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ဖို့အတွက် မြန်မာစစ်တပ်နဲ့ တဘက်မှာ တိုက်ခိုက်ခံနေရတဲ့ ဒေသခံတွေကြား ရောက်နေချိန်မှာ မြန်မာစစ်တပ်ဘက်က သူ့ကို သေနတ်နဲ့ ပစ်ချခဲ့တာဖြစ်ပါတယ်။ သူ့အကြောင်းအသေးစိတ်ကိုတော့ နောက်ဆက်တွဲ FBR ကွင်းဆင်းစုံစမ်းထားတဲ့အစီရင်ခံစာမှာ ဖတ်ရှုနိုင်ပါတယ်။ ဘုရားသခင်ကောင်းချီပေးပါစေ….. Free Burma Rangers

မြန်မာစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ဒေသခံတွေ
မြန်မာစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ဒေသခံတွေ
ree
ree
အိမ်တွေမီးရှို့ခံရပုံ
အိမ်တွေမီးရှို့ခံရပုံ
ရုရှားထုတ် Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်
ရုရှားထုတ် Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်
ree
ree
ree

မြန်မာစစ်တပ်ရဲ့ မြေပြင်တပ်ဖွဲ့တွေကနေ ပစ်ခတ်ခဲ့တဲ့ မော်တာနဲ့ ရော့ကက်ဒုံးကျည်များ

 
 
bottom of page