မြန်မာစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် ကရင်နီလူမျိုး ၅ သောင်းကျော် တိမ်းရှောင်နေရ

၉ ဇွန် ၂၀၂၁ – ၂၀ ဇွန် ၂၀၂၁
ကရင်နီပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမောဆိုးမြို့နယ်
မြန်မာစစ်တပ်ရဲ့ ခြေမြန်တပ်မ ခလရ ၆၆ က တပ်မှူး ဗိုလ်မျူးကြီး တာမာက ကရင်နီပြည်နယ် ဒီးမောဆိုးနဲ့ လွိုင်ကော်ဒေသတွေထဲက ဒေသခံကရင်နီလူမျိုးတွေကို ဇွန်လ ၉ ရက် ၂၀၂၁ က တိုက်ခိုက်ခဲ့ပါတယ်။ မြန်မာစစ်သား ၃၀၀ လောက်က ဦးဆောင်ပြီး ကရင်နီပြည်နယ် လွိုင်ကော်ခရိုင်၊ ဒီးမောဆိုးမြို့နယ်တွင်းက ရွာတွေကို တရွာပြီးတရွာ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အခုဆိုရင် ဒေသခံကရင်နီလူမျိုး ၅ သောင်းကျော်ဟာ ဘေးလွတ်ရာမှာ ပုန်းခိုနေကြရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြင်သမျှ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ရွာသူရွာသားတွေဟာ ကြောက်လန့်တကြားနဲ့ တောင်ဘက်ပိုင်းက တောထဲကို ထွက်ပြေးခဲ့ကြရပါတယ်။ ဒေသခံရွာသားတွေ ကြောက်လန့် ထွက်ပြေးတဲ့အခါ၊ အိမ်တွေကို ဖျက်ဆီးလုယူနိုင်ဖို့ ခြောက်လှန့်တဲ့နည်းဗျူဟာတွေကို မြန်မာစစ်တပ်က အသုံးပြုနေတာဖြစ်ပါတယ်။ အခုဆိုရင် အဲ့ဒီရွာသားတွေရဲ့ အိမ်တွေမှာ စစ်သားတွေက ဝင်ရောက်နေထိုင်နေကြပါတယ်။
မြန်မာစစ်တပ်ဟာ ရွာတွေနဲ့ အိမ်တွေကို ဆက်လက် လုယူဖျက်ဆီးနေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသုံးတဲ့ လက်နက်တွေကတော့ RPG 7၊ M-79 လက်ပစ်ဗုံးတွေ၊ M-16 ချေမှုန်းရေးရိုင်ဖယ်တွေ၊ AK-47 နဲ့ မြန်မာစစ်တပ်ထုတ် MA ချေမှုန်းရေး ရိုင်ဖယ်တွေနဲ့ လက်ဖြောင့် သေနတ်တွေနဲ့ ပစ်ခတ်တာတွေလည်း ပါဝင်ပါတယ်။
အောက်ဖော်ပြပါဓာတ်ပုံများဟာ ဒဏ်ရာရခဲ့တဲ့ ရွာသားတစ်ယောက်ရဲ့ဓာတ်ပုံ၊ လုယက်ဖျက်ဆီးခံရတဲ့ နေအိမ်တွေရဲ့ဓာတ်ပုံနဲ့ မြန်မာစစ်တပ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကို ထောက်လှမ်းရိုက်ကူးထားတဲ့ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ ရွာသားတစ်ဦး
ကရင်နီပြည်နယ်မှာ သွားလာလှုပ်ရှားနေတဲ့ မြန်မာစစ်သားများ။ အခုလို တောထဲ၊ ဒေသခံတွေရဲ့ တောင်ယာခင်းတွေနဲ့ ကျေးရွာတွေကို ဖြတ်သန်းသွားလာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြင်မြင်သမျှ ပစ်ခတ်ခဲ့ကြပါတယ်။